မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၁၂၄ ဦး ထပ်မံတွေ့ရှိ

မေ ၂၀

 

မလေးရှားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၁၂၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ကိုဗစ်ရောဂါကူးစက်ခံရသူပေါင်း ၄၄၈၅၄၁၉ ဦး အထိ ရှိလာသည်ဟုကျန်းမာရေးဝန်ကြီးဌာက ပြောကြားသည်။

 

အဆိုပါရောဂါကူးစက်ခံရသူများတွင် ပြည်ပကူးစက်မှု တစ်ဦးနှင့် ပြည်တွင်းကူးစက်မှု ၂၁၂၃ ဦး တို့ပါဝင်ကြောင်း ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် သုံးဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၅၆၃၃ ဦး ရှိလာသည်။

 

ကိုဗစ်ရောဂါကူးစက်ခံရသူများသည် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၄၁၉၉၉၇ ဦး ရှိသည်ဟု သိရသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၂၉၇၈၉ ဦး ရှိပြီး ၎င်းတို့အနက် ၃၅ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။

 

နိုင်ငံ့လူဦးရေ၏ ၈၅ ဒသမ ၅ ရာခိုင်နှုန်းအား ကိုဗစ်ရောဂါကာကွယ်ဆေးအနည်းဆုံးထိုးနှံပေးခဲ့ကြောင်း၊ ၈၂ ဒသမ ၆ ရာခိုင်နှုန်းအား ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ၄၉ ဒသမ ၂ ရာခိုင်နှုန်းအား ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံပေးပြီး ဖြစ်ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို