ဝယ်လင်တန် မေ ၂
နယူးဇီလန်နိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် BA.4 ကူးစက်ခံရသူတစ်ဦးအား ပထမဆုံးအကြိမ် တွေ့ရှိကြောင်း နယူးဇီလန် ကျန်းမာရေးဝန်ကြီး ဌာနက ယနေ့သတင်းထုတ်ပြန်သည်။
အဆိုပါ ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူသည် လွန်ခဲ့သော ရက်သတ္တပတ်အတွင်း နိုင်ငံအတွင်းသို့ လာရောက် လည်ပတ်သည့် ခရီးသည်များအနက် တစ်ဦးအပါအဝင်ဖြစ်သည်။
လွန်ခဲ့သော ရက်သတ္တပတ်အတွင်း နိုင်ငံရပ်ခြားမှလာရောက်သည့် ရောဂါကူးစက်ခံရသူခရီးသည် ၁၂၆၉၉ ဦး ရှိကြောင်း သိရသည်။
အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိမှုသည် နယူးဇီလန်နိုင်ငံ၌ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဆိုသည်။
ထို့ပြင် ဧပြီလအတွင်း နိုင်ငံအတွင်းသို့ လာရောက်လည်ပတ်သည့် ခရီးသည်များအနက် နှစ်ဦးတွင် အိုမီခရွန်ဗီဇပြောင်း အခြားအမျိုးအစားများဖြစ်သည့် BA.2.12.1 နှင့် BA 2.12.2 ဗိုင်းရပ်စ်များ ကူးစက်ခံထားရကြောင်းလည်း စစ်ဆေးတွေ့ရှိခဲ့သည်။
အလားတူ လွန်ခဲ့သောနှစ်ရက်တာအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် ၁၃ ဦးထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ ရ သူပေါင်း ၉၃၆၆၉၇ ဦးရှိပြီး အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၇၀၇ ဦးရှိကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အောင်ကျော်ကျော်