နေပြည်တော်၊ ဧပြီ ၂၅ 

 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ အင်္ဂလိပ်စာအခြေခံသင်တန်း (Basic English Course) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ သင်တန်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး၊ ဦးကျော်ထွေးနှင့် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

သင်တန်းဖွင့်ပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင်က အမှာစကားပြောကြားပြီး သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၂၀ တက်ရောက်ကာ သင်တန်းကာလမှာ  ဧပြီ ၂၅ ရက်မှ ဇွန် ၁၇ ရက်အထိ ရက်သတ္တပတ် (၈)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်