ငါးသိုင်းချောင်း   ဧပြီ ၂၅

            

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင်  ဧပြီလ ၂၅ ရက် နံနက်ပိုင်းက အခြေခံပန်းချီ သင်တန်းကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

 

ဆက်လက်၍ အခြေခံပန်းချီသင်တန်းကို စတင်ဖွင့်လှစ်ပို့ချရာ သင်တန်းနည်းပြ ဦးအောင်စိုးမြင့်နှင့် ဦးနေဘိုအောင်တို့က အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ သင်တန်းသားများအား အခြေခံပန်းချီပညာရပ်များကို စတင်သင်ကြားပေးခဲ့ပြီး အဆိုပါသင်တန်းကို ယနေ့ဧပြီလ (၂၅)ရက်နေ့မှ (၂၉)ရက်နေ့အထိ (၅)ရက်၊ နေ့စဉ် နံနက် ၉နာရီမှ ၁၁ နာရီအထိ ရက်တို ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာ အဆိုပါသင်တန်းသို့ ငါးသိုင်းချောင်း မြို့ပေါ်ရပ်ကွက်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ သင်တန်းသား စုစုပေါင်း(၂၀) သင်တန်းတက်ရောက်သင်ကြားလျက်ရှိသည်။

          

နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ အသိပညာ၊ အတတ်ပညာ ဗဟုသုတများ တိုးပွား၍ လူထုအခြေပြုဗဟိုဌာနနှင့် ပြည်သူ့ စာကြည့်တိုက်တွင် ဝင်ထွက်သွားလာ၍ အသိပညာဗဟုသုတ ရှာမှီးတတ်သည့် အလေ့အထကောင်း ရရှိလာစေရန်ရည်ရွယ်၍ ပြန်/ဆက်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ (Club) အသင်းအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ စာပေဝါသနာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ လူမှုရေးအသင်းအဖွဲ့များ စေတနာရှင်ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန၌ သင်တန်းများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများအပါအဝင် ဒေသဖွံ့ဖြိုးတိုးတက်ရေး အကြောင်းအရာများကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

                                  

စိုးမင်းဦး(ပြန်/ဆက်)