နေပြည်တော် ဧပြီ ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအေးကိုနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေပြည်တော်ဝင် သာမဏေကျော် ကျောင်းတိုက်ရှိ သံဃာတော်များ၊ စာသင်သား သာမဏေများအတွတ် ဆွန်းဆန်တော်၊ ဆီ၊ ပဲနှင့် ကြက်ဥများ လှူဒါန်းသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် လတ်တလော ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ သံဃာတော်များ ဆွမ်းကွမ်း အခက်အခဲမရှိစေရေး စာသင်တိုက်များသို့လည်းကောင်း၊ ပရဟိတ ကျောင်းများသို့လည်းကောင်း၊ စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းလျက် ရှိသည့်အပြင် ဒေသအသီးသီးရှိ ကိုဗစ်-၁၉ စင်တာများသို့လည်း စားနပ်ရိက္ခာများ ထောက်ပံ့ကူညီပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


