ပေါင် ဧပြီ ၂၄

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေတို့ဖြင့် ကျေးရွာရှစ်ရွာ၌ လယ်ယာစိုက်ပျိုးမြေဧက ၉၀၀၀ ကျော်အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း ခုနစ်လမ်းနှင့် ကုန်ထုတ်တံတား ၁၉ စင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပေါင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးကျော်ကျော်လတ်ထံမှ သိရသည်။

ပေါင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုဘဏ္ဍာနှစ်တွင် ကျုံဟော်ကျေးရွာ၌ ကုန်ထုတ်လမ်း အရှည် နှစ်မိုင်နှင့် ကုန်ထုတ်တံတား တစ်စင်းတည်ဆောက်ခြင်း၊ ထန်းပင်ချောင်ကြီးကျေးရွာ၌ ကုန်ထုတ်လမ်း အရှည် နှစ်မိုင် ၂ ဒသမ ၁၈ ဖာလုံနှင့် ကုန်ထုတ်တံတား ခြောက်စင်းတည်ဆောက်ခြင်း၊ သဲကုန်းကျေးရွာ၌ ကုန်ထုတ်လမ်း အရှည် သုံးမိုင်နှင့် ကုန်ထုတ်တံတား တစ်စင်းတည်ဆောက်ခြင်း၊ ကမာဘီကျေးရွာ၌ ကုန်ထုတ်လမ်း အရှည် ၇ ဒသမ ၅၈ ဖာလုံ ဖောက်လုပ်ခြင်း၊ ကတွန်ကျေးရွာ၌ ကုန်ထုတ်လမ်း အရှည် ၂ ဒသမ ၇၃ ဖာလုံနှင့် ကုန်ထုတ်တံတား လေးစင်းတည်ဆောက်ခြင်း၊ လက်ပံတော ကျေးရွာ၌ ကုန်ထုတ်လမ်းအရှည် တစ်မိုင် သုည ဒသမ ၃၃ ဖာလုံ ဖောက်လုပ်ခြင်း၊ အဝဗြဲကွင်းပိုင်းကျေးရွာ၌ ကုန်ထုတ်တံတား နှစ်စင်းတည်ဆောက်ခြင်း၊ အလှပ်(မြောက်ပိုင်း)ကျေးရွာ၌ ကုန်ထုတ်လမ်း အရှည် တစ်မိုင် ၅ ဒသမ ၀၃ ဖာလုံနှင့် ကုန်ထုတ်တံတား ငါးစင်းတည်ဆောက်ခြင်း စုစုပေါင်း ကုန်ထုတ်လမ်း ခုနစ်လမ်း အရှည် ၁၁ မိုင် ၁ ဒသမ ၈၅ ဖာလုံနှင့် ကုန်ထုတ်တံတား ၁၉ စင်းတည်ဆောက်ခြင်းလုပ်ငန်းများကို ပြည်ထောင်စုရန်ပုံငွေ ပြည်နယ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်မှာတော့ အဆိုပါ လုပ်ငန်းများအား လုပ်ငန်းအပ်နှံဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိကြောင်း ပေါင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လတ် ပြောပြချက်အရ သိရသည်။

အဆိုပါလုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးပါက ကျုံဟော်၊ ထန်းပင်ချောင်ကြီး၊ သဲကုန်း၊ ကမာဘီ၊ ကတွန်၊ လက်ပံတော၊ အဝဗြဲကွင်းပိုင်း၊ အလှပ်(မြောက်ပိုင်း) စသည့် ကျေးရွာရှစ်ရွာရှိ အိမ်ခြေ ၃၈၉၂ အိမ်၊ လူဦးရေ ၂၄၈၁၄ ဦးတို့၏ လယ်ယာစိုက်ပျိုးမြေ ဧက ၉၇၃၂ ဧကမှ ထွက်ရှိသော စပါးနှင့် အခြားသီးနှံများကို ဈေးကွက်သို့ ကုန်ကျစရိတ် သက်သာစွာဖြင့် အချိန်မီ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်(မကွေး)