ငရုတ်ကောင်း ဧပြီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ငရုတ်ကောင်းမြို့ စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ယနေ့ဝင်ရောက်ဖြေဆိုသူ ကျောင်းတွင်းဖြေ (၅၆)ဦး၊ ကျောင်းပြင်ပဖြေ (၁၂)ဦး စုစုပေါင်း (၆၈)ဦးရှိကာ ရာခိုင်နှုန်းအားဖြင့် ၉၁ ဒသမ ၈၉ ရာခိုင်နှုန်းရှိကြောင်း ငရုတ်ကောင်းစာစစ်ဌာနမှ သိရသည်။
ပြုံးမောင်မောင်(ငရုတ်ကောင်း)


