မြင်းမူ ဧပြီ  ၄

 

၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၃၁ ရက်မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့တွင် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင်  စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်အား ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။

 

မြင်းမူမြို့နယ်တွင် ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သိပ္ပံဘာသာတွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၂၄၁)ဦးရှိပြီး ယနေ့ ဝင်ရောက်ဖြေဆိုသူ (၁၀၀)ရှိသည့်အတွက် ရာခိုင်နှုန်းဖြင့် ၄၁ ဒသမ  ၅ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးဌာနရုံး တာဝန်ရှိသူထံမှ သိရှိရသည်။

 

ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များက ကျောင်းအတွင်း/အပြင် လုံခြုံရေးများထားရှိကာ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

မြင်းမူ(ပြန်/ဆက်)