မောင်တော   မတ်   ၁၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့ စာစစ်ဌာန ၁၈ ခု၌ အဋ္ဌမတန်း(Grade-9) နောက်ဆုံးနှစ်ဝက်စာမေးပွဲ သင်္ချာဘာသာကို မတ် ၁၉ ရက်တွင် စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုကြလျက်ရှိသည်။

အဆိုပါ အဋ္ဌမတန်း (Grade-9) နောက်ဆုံးနှစ်ဝက်စာမေးပွဲကို စာရင်းရှိ  ကျောင်းသား ၆၉၈ ဦးနှင့် ကျောင်းသူ ၃၀၅ ဦး စုစုပေါင်း ၁၀၀၃ ဦးရှိသည့်အနက် ယနေ့ သင်္ချာဘာသာအား လာရောက်ဖြေဆိုသူ ကျောင်းသား ၆၂၀ နှင့် ကျောင်းသူ ၂၈၄ ဦး စုစုပေါင်း ၉၀၄ ဦး  ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ကျောင်းသား ၇၈ ဦးနှင့် ကျောင်းသူ ၂၁ ဦး စုစုပေါင်း ၉၉ ဦး ဖြေဆိုရန်ပျက်ကွက်ခဲ့ပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၀ ဒသမ ၁၃ ရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။  ထို့အတူ ကျောင်းတွင်းစာမေးပွဲ အတန်းပြီးမြောက်ကြောင်း စာမေးပွဲအား Grade-4 မှ Grade 10 အထိအား  ၎င်းတို့၏ စာသင်ချိန်အတိုင်း တစ်နေ့လျှင် နှစ်ဘာသာစီဖြင့် ဖြေဆိုလျက်ရှိကြောင်း သိရသည်။ 

သက်လွင်စိုး(ပြန်/ဆက်)