ပခုက္ကူ မတ် ၁၉
ပညာရေးဝန်ကြီးဌာနက ကျင်းပသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအတန်းများအတွက် နှစ်ဆုံးစာမေးပွဲ ကို မတ် ၁၇ ရက် နံနက်ပိုင်းကစတင်ပြီး မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ စာစစ်ဌာနအသီးသီး၌ ဖြေဆိုလျက်ရှိကြရာ အခြေခံပညာအလယ်တန်းအဆင့် (Grade-6 မှ Grade-9 အထိ) နှစ်ဆုံးစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား ကျောင်းသူ ၃၁၃၈ ဦးရှိကြောင်း သိရသည်။
ပခုက္ကူမြို့နယ်ရှိ စာစစ်ဌာနများတွင် အခြေခံပညာအလယ်တန်းအဆင့် (Grade-6 မှ Grade-9 အထိ) နှစ်ဆုံး စာမေးပွဲဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသူ ကျောင်းသား ၁၇၂၇ ဦး၊ ကျောင်းသူ ၁၈၆၂ ဦး စုစုပေါင်း ၃၅၈၉ ဦးရှိပြီး မတ် ၁၇ ရက်မှ ၁၉ ရက်အထိ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ၁၄၉၆ ဦး၊ ကျောင်းသူ ၁၆၄၂ ဦး စုစုပေါင်း ၃၁၃၈ ဦး၊ ပျက်ကွက်သူ ကျောင်းသား ၂၃၁ ဦး၊ ကျောင်းသူ ၂၂၀ စုစုပေါင်း ၄၅၁ ဦးရှိကြောင်း၊ အခြေခံပညာ အလယ်တန်းအဆင့် နှစ်ဆုံးစာမေးပွဲဖြေဆိုမှု ရာခိုင်နှုန်းအနေဖြင့် ၈၇ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)


