ကန့်ဘလူ မတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ အခြေခံပညာအလယ်တန်း ဆင့် Grade- 9 နှစ်ဆုံးကျောင်းတွင်းစာမေးပွဲကို မြို့နယ်အတွင်းရှိ စာစစ်ဌာန ၁၃ ခု၌ မတ် ၁၇ ရက် နံနက် ၉ နာရီမှစ၍ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိသည်။
ကျောင်းသား ကျောင်းသူများအနေဖြင့် နှစ်ဆုံးစာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရေး ကျောင်းအ တွင်းအပြင် လုံခြုံရေး၊ ကျောင်းသားကျောင်းသူများ၏ လုံခြုံရေးနှင့်ပတ်သက်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသ ကျောင်းသူများ စာမေးပွဲ ဖြေဆိုရာတွင် ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများက ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


