ကမမောင်း မတ် ၁၆
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် အသက် (၁၈) နှစ်နှင့်အထက် တိုက်ပွဲရှောင် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ မတ် ၁၆ ရက် နံနက် ၉ နာရီအချိန်မှစတင်၍ အုန်းတောဘုန်းတော်ကြီးကျောင်းတွင် ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်(၁၈)နှစ်နှင့်အထက် ပထမအကြိမ် ကိုဗစ်၁၉-ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ ကျား(၃၁)ဦး၊ မ(၄၂)ဦး၊ စုစုပေါင်း(၇၃)ဦးတို့အား ကမမောင်းမြို့ ကျေးလက်ကျန်းမာရေးဌာနမှ ဆရာမဒေါ်နန်းယုဝေနှင့်အဖွဲ့က ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့ကြသည်။ ကာကွယ်ဆေးမထိုးနှံမီ အပူချိန်တိုင်းတာပေးခြင်းနှင့် သွေးပေါင်ချိန်ပေးခြင်း စသည်တို့လုပ်ဆောင်ပြီးမှ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယဉ်ယဉ်အေး(ပြန်/ဆက်)


