မင်းတုန်း မတ် ၁၅

 

မကွေးတိုင်းဒေသကြီး၊ သရက်ရိုင်၊ မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ()လဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် မင်းတုန်းမြို့နယ်နှင့် ကံမမြို့နယ် မြို့နယ်ချင်းဆက် လမ်းမြေနီခင်းခြင်းလုပ်ငန်း မတ် ၁၄ ရက်က ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်။

 

အဆိုပါလမ်းသည် မင်းတုန်းမြို့နယ် ချင်းနစ်ကျေးရွာနှင့် ကံမမြို့နယ်သို့‌ လမ်းချဲ့ခြင်း၊ မြေနီခင်းခြင်းနှင့် မြေဖို့ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်ပြီး ၎င်းလမ်းကိုအသုံးပြု၍ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ပတောင်းမြို့နယ်သို့ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ပြီး မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသောင်းညွန့်ထံမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)