နေပြည်တော်   မတ်   ၁၄

 

(၁၉) ကြိမ်မြောက်အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး 19 th ASEAN Chiefs of Defence Forces Meeting (ACDFM-19) တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ယနေ့ညနေပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ သွားရောက်၍ သံရုံးနှင့်စစ်သံရုံး မိသားစုများ၊ သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားသည်။

 

ဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် အဖွဲ့ဝင်များသည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ ရောက်ရှိကြရာ သံရုံးနှင့်စစ်သံရုံးတို့မှ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။

 

ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက သံရုံး၊ စစ်သံရုံး မိသားစုများ၊ သင်တန်းသားများအား အမှာစကား ပြောကြားခဲ့သည်။

 

ထို့နောက် သံရုံး၊ စစ်သံရုံး မိသားစုများ၊ သင်တန်းသားများအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးအပ်လိုက်သည့် စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများကို ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပေးအပ်ရာ သံအမတ်ကြီး၊ စစ်သံမှူးနှင့် မိသားစုဝင်များ၊ သင်တန်းသားများက လက်ခံရယူခဲ့ကြ ကြောင်းသတင်းရရှိသည်။

 

သတင်းစဉ်