နေပြည်တော် မတ် ၁၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကြည်နှင့် တာဝန်ရှိသူများသည် မတ် ၁၀ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကမ္ဘာအေးကုန်းမြေ မိုးကုတ်ဆွမ်းစားဆောင်၌ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်) ဌာနခွဲတွင် သီတင်းသုံးလျက်ရှိကြသော သင်ကြား/စီမံ ဆရာတော်များနှင့် ပြည်တွင်း/ပြည်ပ သာသနာပြုကြမည့် သံဃာတော် အရှင်သူမြတ် ၄၆၂ ပါးတို့အား တစ်နေ့တာ အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ အချိုပွဲများနှင့် လှူဖွယ်ပစ္စည်းများအား ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက် များနှင့်အညီ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


