မိုးကုတ် မတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ နန်းနွဲ့ကျေးရွာ၌ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ကျေးရွာဝင်နှင့် ကျေးရွာတွင်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ဇန်နဝါရီ ပထမအပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မိုးကုတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

နန်းနွဲ့ကျေးရွာ ကျေးရွာအဝင်နှင့် ကျေးရွာတွင်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို  ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ခြောက်လတာကာလတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀၊ ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း ၁၀၀ စုစုပေါင်း ကုန်ကျငွေ ကျပ်သိန်း ၂၀၀ ဖြင့် အရှည် ၁၂၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ကိုးလက်မထု ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ဇန်နဝါရီ ပထမအပတ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မိုးကုတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်အောင်ထံမှ သိရသည်။

အဆိုပါ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်မှုကြောင့် အိမ်ခြေ ၈၇၊ လူဦးရေ ၅၂၅ ဦးတို့အတွက် ရာသီမရွေး သွားလာရေး အဆင်ပြေသွားပြီဖြစ်ကြောင်း သိရသည်။ 

သန်းလွင်(မကွေး)