မြို့သစ် မတ် ၁ဝ
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင်မြေအောက်ရေကို အကျိုးရှိစွာအသုံးချ၍ ဖီးကြမ်းငှက်ပျော စိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး ဖီးကြမ်းငှက်ပျော တစ်ဖီးလျှင် ငွေကျပ် ၁၂၀၀ ဖြင့် ရောင်းချရ၍ လုပ်ငန်းအဆင်ပြေလျက် ရှိနေကြကြောင်း မြို့သစ်မြို့နယ်မှ ဖီးကြမ်းငှက်ပျော စိုက်ပျိုးတောင်သူ တစ်ဦးထံမှ သိရသည်။
ဖီးကြမ်းငှက်ပျော စိုက်ပျိုးရေးလုပ်ငန်းကို ပျိုးပင်စိုက်ပျိုးပါက အနည်းဆုံး တစ်နှစ်ခန့်အကြာတွင် အသီးများ စတင်ဆွတ်ခူး ရောင်းချရကြောင်း၊ စိုက်ပျိုးရာတွင်လည်း ပင်ခြားအနေဖြင့် ၅ ပေပတ်လည်ခန့်ခွာ၍ စိုက်ပျိုးရကြောင်း၊ သို့မှသာ အပင်များကြီးထွား ဖွံ့ဖြိုးလာချိန်တွင် အပင်ထိခိုက်မှုမရှိကြောင်းနှင့် အသီးအပွင့်များ ပိုမိုရရှိကာ အောင်မြင်ဖြစ်ထွန်း စေနိုင်ကြောင်း၊ အပင်ပြုစုမှုအပေါ် မူတည်ပြီး နှစ်ရက်ခြားတစ်ကြိမ်လျှင် ဖီးကြမ်းငှက်ပျောများကို ခူးဆွတ်ရောင်းချရကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)


