အိမ်မဲ   မတ်   ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်မှ ဧပြီ ၈ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကျောင်းတွင်းဖြေဆိုသူ ၁၁၅၂ ဦးနှင့် အပြင်ဖြေဆိုသူ ၁၇၇ ဦး စုစုပေါင်း ၁၃၂၉ ဦးတို့ ဖြေဆိုခွင့်လျှောက်လွှာများ တင်သွင်းထားကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် အထက်တန်းကျောင်း ၁၀ ကျောင်းနှင့် အထက်တန်းကျောင်းခွဲ ၁၅ ကျောင်းတို့မှ အတွဲ(၁)ဖြေဆိုသူ အတွင်းအပြင်ပေါင်း ၂၀၉ ဦး၊ အတွဲ(၂)ဖြေဆိုသူ အတွင်းအပြင်ပေါင်း ၉၅၂ ဦး၊ အတွဲ(၇)ဖြေဆိုသူ အတွင်းအပြင်ပေါင်း ၁၆၈ ဦး စုစုပေါင်း ၁၃၂၉ ဦး ရှိကြပြီး စာစစ်ဌာန ကိုးခုထားရှိ၍ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည်ဖြစ်ကြောင်း မြိုနယ်ပညာရေးမှူးရုံးမှ သိရသည်။

ချစ်သက်လယ်(အိမ်မဲ)