ဝေါ မတ် ၆

 ပဲခူးတိုင်းဒေသကြီး ၊ပဲခူးခရိုင် ၊ဝေါမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ အသက် တစ်နှစ်ခွဲ အောက် ကလေးငယ်များအတွက် ပိုမိုကောင်းမွန်သော အနာဂတ် ရရှိခံစားနိုင်ရေး အတွက် ကူးစက် ရောဂါများ ကာကွယ်နိုင်ရေး ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ  ပထမ ပတ်အဖြစ် ယနေ့နံနက် ၉ နာရီက အရှေ့ဘက်ကမ်းရပ်ကွက်ဆွမ်းလောင်းဓမ္မာရုံတွင် သားဖွားဆရာမ ဒေါ်ချိုမွန်သော် နှင့် ဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေး မထိုးရသေးသော ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁) နှစ်ခွဲ အောက်ကလေးငယ်များ နီးစပ်ရာ ကျေးရွာ အုပ်စု  ကျန်းမာရေးဌာနခွဲများတွင် ဆုံဆို့၊ ကြက်ညှာ ၊မေးခိုင် အသည်းရောင်အသားဝါ (ဘီ) ၊ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး) ၊ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးများထိုးပေးလျက်ရှိကြောင်းသိရသည်။

ဝေါမြို့နယ်အတွင်းရှိ ကျန်းမာရေးဌာနဌာနခွဲများတွင် မတ်လ အတွင်း စတင်ထိုးနှံပေးသွားရန် စီစဉ် ထားရှိကြောင်းနှင့် ထိုးနှံပေးမည့်အစီအစဉ်များကိုရပ်ကွက်နှင့်ကျေးရွာဆေးထိုးစုရပ်များတွင် လစဥ်ပုံမှန်ကာကွယ်ဆေးများ ကျေးရွာများအလိုက် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျှက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှမြို့နယ်ကျန်းမာရေးမှူး အဆင့် (၁) ဦးစန်းအောင် ထံမှသိရသည်။


အောင်မြတ်လင်း (ပြန်/ဆက်)