နေပြည်တော်   ဖေဖော်ဝါရီ  ၂၈

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံးချုပ်မှ အရာထမ်း၊ အမှုထမ်းများ အတွက် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ကော်မရှင်ရုံး Conference Room ၌ ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊  ကော်မရှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်  သင်တန်းသား အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။ 

 

mdn

 

အခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ပုံမှန်ထိတွေ့ ဆက်ဆံရာတွင် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်တတ်မြောက်မှုရှိရန် အရေးကြီးပါကြောင်း၊ သင်တန်းသားများအနေဖြင့် အထူးအာရုံစိုက် လေ့လာသင်ယူကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုသင်တန်းကို သင်တန်းသားဦးရေ (၂၀) ဖြင့် စတင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကာလ (၁၀) ပတ်ကြာ မြင့်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်