အမေရိကန်နယ်လှည့်ဖျော်ဖြေပွဲအတွင်း ပရိုမိုးရှင်းလုပ်ငန်းအားလုံး TWICE ဖျက်သိမ်း

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့အမျိုးသမီးတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ TWICE ဟာ အမေရိကန်မှာ နယ်လှည့်တေးဂီတဖျော်ဖြေပွဲပြုလုပ်စဉ်အတွင်း လုပ်ဆောင်ဖို့ရာ စီစဉ်ထားတဲ့ ပရိုမိုးရှင်းလုပ်ငန်း အားလုံး ဖျက်သိမ်းကြောင်း လတ်တလောမှာ ကြေညာခဲ့တယ်လို့ အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုအခြေအနေတွေကြောင့် အမေရိကန်နယ်လှည့်ဖျော်ဖြေပွဲမှ ပရိုမိုးရှင်း လုပ်ငန်းတွေ ဖျက်သိမ်းကြောင်း အဖွဲ့ရဲ့ ဖျော်ဖြေရေးအေဂျင်စီက ဖေဖော်ဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုဖျက်သိမ်းလိုက်တဲ့အစီအစဉ်တွေထဲမှာ ပရိသတ်တွေနဲ့ တွေ့ဆုံနှုတ်ဆက်မယ့် အစီအစဉ်တွေလည်း ပါဝင်နေပါတယ်။

TWICE ရဲ့ စတုတ္ထမြောက် ကမ္ဘာလှည့်ဖျော်ဖြေပွဲအစီအစဉ်အနက် မြောက်အမေရိကဖျော်ဖြေပွဲတွေကို ဖေဖော်ဝါရီ ၁၅ ရက်မှာ လော့စ်အိန်ဂျလိစ်ကနေ စတင်မှာဖြစ်ပါတယ်။ အဲဒီနောက် အခြားသော မြို့ကြီးတွေမှာ ဖျော်ဖြေမှာဖြစ်ပြီး လာမယ့်ဧပြီလအတွင်း ဂျပန်နိုင်ငံသို့ သွားရောက်ဖျော်ဖြေဖို့ရာ စီစဉ်ထားကြောင်း သိရပါတယ်။

အေးပြည့်