ရန်ကုန်   ဇန်နဝါရီ   ၂၈

 

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အတွင်း ကျင့်ဝတ်နှင့်အညီ ရေးသားထားသည့် သတင်းစာ၊ ဂျာနယ်နှင့် သတင်းမီဒီယာ ကဏ္ဍအသီးသီးတွင် ဖော်ပြခဲ့သော သတင်း၊ သတင်းဆောင်းပါးများကို ရွေးချယ်ပြီး သတင်းသမားများ အတွက် သတင်း၊ သတင်းဆောင်းပါးဆုများ ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။

 

ပါဝင်ယှဉ်ပြိုင်လိုသော သတင်းမီဒီယာသမားများအနေဖြင့် မိမိတို့ ရေးသားထားသော သတင်းနှင့် သတင်းဆောင်းပါး အနည်းဆုံး ငါးပုဒ်ကို ဖော်ပြပါရှိခဲ့သော အထောက်အထားများနှင့်အတူ ကိုယ်ရေး အကျဉ်းကိုပါ ပူးတွဲလျက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်ထက် နောက်မကျစေဘဲ ပေးပို့ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

 

မျိုးမင်းသူရ