နေပြည်တော် ဇန်နဝါရီ ၂၇
ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက် ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၇ ရက်တွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ မင်္ဂလာဇေယျုံ ပါဠိကျောင်းတိုက်၊ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ သီရိမင်္ဂလာ ကန်ဦးပရိယတ္တိကျောင်းတိုက်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ မြို့မယဉ်ငေး သာသနာ့ရိပ်သာကျောင်းတိုက်၊ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်ရှိ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ရှိ မဟာစေတျာရာမ ဘုရားကြီးကျောင်းတိုက်တို့မှ ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


