သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ်၊ လူရွှင်တော်အသင်းနှင့် ကိုလူချော အဖွဲ့တို့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်မည်

နေပြည်တော် ဇန်နဝါရီ  ၁၃

 

သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေး အစီအစဉ် (Family Quiz) ပွဲစဉ်(၄၉)ကို ဇန်နဝါရီ ၁၄ ရက်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည် ဖြစ်သည်။

 

အဆိုပါ ပွဲစဉ် (၄) ၏ ကိုဗစ်-၁၉ဆိုင်ရာ အသိပညာပေးအစီအစဉ်ကို တေးသံရှင်ရဲထိုက် နှင့် ယဉ်လက်တို့က တင်ဆက်ကြမည်ဖြစ်ပြီး  လူရွှင်တော်အသင်းနှင့် ကိုလူချောတို့အဖွဲ့မှ မိသားစုများက ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဇန်နဝါရီ ၁၄ ၊ ၁၅ ၁၆ ရက်များတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV HD မှ ညနေ()နာရီ သတင်းအပြီးတွင် ထုတ်လွှင့် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်