သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ်၊ လူရွှင်တော်အသင်းနှင့် ကိုလူချောအဖွဲ့တို့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်မည်

နေပြည်တော် - ဒီဇင်ဘာ ၂၉

 

သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၄၇)ကို ဒီဇင်ဘာ ၃၁ ရက်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဆက်လက် ထုတ်လွှင့်မည် ဖြစ်သည်။

 

အဆိုပါ ပွဲစဉ် (၄၇) ၏ ကိုဗစ်-၁၉ဆိုင်ရာ အသိပညာပေး အစီအစဉ်ကို တင်ဆက်သူ ရဲထိုက် နှင့် ယဉ်လက်တို့က တင်ဆက်ကြမည်ဖြစ်ပြီး  လူရွှင်တော်အသင်းနှင့် ကိုလူချောတို့အဖွဲ့မှ မိသားစုများက ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နှင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ၊ ၂ ရက်တို့တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV HD မှ ညနေ()နာရီ သတင်းအပြီးတွင် ထုတ်လွှင့် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)