မြစ်ကြီးနား ဒီဇင်ဘာ ၁၁
ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ဝိုင်းမော်မြို့နယ်ရှိ စိန့်ဂျိုးဇက် IDPs စခန်းမှ အိမ်ထောင်စု ၂၁ စုအား မိုင်းနားအူရီမုန်ရာယန်နယ်မြေသို့ ပြောင်းရွှေ့နေရာချထားပေးပြီး ထောက်ပံ့ ပေးအပ်မှုများကို ဒီဇင်ဘာ ၁၀ ရက်က ပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က"နေရပ်စွန့်ခွာ ပြည်သူများ သိက္ခာရှိစွာ နေရပ်ပြန်လည်နေထိုင်နိုင်ရေး၊ ပြောင်းရွှေ့နေရာ ချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် များကို အလေးထား ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများကိုလည်း စဉ်ဆက်မပြတ် ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း" အားပေးစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ရွှေ့ပြောင်းနေထိုင်သည့် အိမ်ထောင်စု ၂၁ စု တို့အတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးမှ ငွေကျပ် ၁၈၇၈၇၅၀ တန်ဖိုးရှိ စားနပ်ရိက္ခာ တစ်လစာဆန်အိတ် ၄၁ အိတ်၊ ဆီနှင့် ကုလားပဲ ၈၄ ပိဿာစီ၊ ဆား ၂၁ ပိဿာနှင့် ပြောင်းရွှေ့စရိတ် တစ်အိမ်ထောင်လျှင် ငွေကျပ် ၁ သိန်းနှုန်း ဖြင့် စုစုပေါင်း ၂၁၀၀၀၀၀ သိန်း၊ ၂၁ မျိုးပါ ကယ်ဆယ်ရေးပစ္စည်းပုံး ၂၁ ပုံး (ငွေကျပ် ၁၅၅၄၀၀၀ တန်ဖိုးရှိ)နှင့် စုစုပေါင်းတန်ဖိုး ၅၅၃၂၇၅၀ တို့ကို အသီးသီး ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


