လေးမျက်နှာမြို့နယ် ကညင်သောင်အုပ်စု မြစ်ကျိူးကျေးရွာတွင် အခြေခံမွေးမြူရေးပညာပေး သင်တန်းဖွင့်လှစ်

လေးမျက်နှာ   ဒီဇင်ဘာ   ၉

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ကညင်သောင်အုပ်စု မြစ်ကျိူးကျေးရွာတွင် ယနေ့ နံနက် ၉ နာရီခွဲက လေးမျက်နှာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ မွေးမြူရေးလုပ်ငန်းများတွင် အသိပညာဗဟုသုတများရရှိစေရန်၊ မိရိုးဖလာမွေးမြူရေး လုပ်ငန်းမှ ခေတ်မီနည်းစနစ်တကျ မွေးမြူတတ်စေရန် ရည်ရွယ်၍ အခြေခံမွေးမြူရေးပညာပေး သင်တန်းဖွင့်လှစ်ကြောင်း သိရသည်။

 

သင်တန်းတွင် လေးမျက်နှာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာနွယ်နွယ်အောင်နှင့် ဒုတိယဦးစီးမှူး ဒေါက်တာနှင်းနွယ်နီတို့က ခိုင်းနွား မွေးမြူရေး၊ နို့စားနွားမွေးမြူရေး၊ ဝက်မွေးမြူရေး၊ ဆိတ်မွေးမြူရေး၊ တိုင်းရင်းကြက်မွေးမြူရေး လုပ်ငန်းများနှင့် ပတ်သက်၍ မွေးမြူရေးလုပ်ငန်းအောင်မြင်ရန် လိုအပ်သည့်အချက်များ၊ မွေးမြူရေး နည်းစနစ်များ၊ မွေးမြူရေးခြံဆောက်လုပ်ရန်လိုအပ်ချက်များနှင့် ခြံပတ်ဝန်းကျင်သန့်ရှင်းရေး၊ မျိုးကောင်းမျိုးသန့်ရွေးချယ်နည်းများကို သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

 

လေးမျက်နှာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ပထမ သုံးလပတ်အတွင်း သင်တန်း သုံးခု လျာထားသည့်အနက် ယခုသင်တန်းမှာ ဒုတိယအကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ အဆိုပါသင်တန်းသို့ ကျေးရွာအတွင်းမှ စိတ်ပါဝင်စားသူ ၂၀ တက်ရောက် သင်ကြားကာ ဒီဇင်ဘာ ၉ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိ ၂ ရက်ကြာဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သိရသည်။

 

ကျော်ဟိန်း(ပြန်/ဆက်)