ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၈ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝးခန်းမ(၃)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး၊ ဓာတ်ပုံကျွမ်းကျင်ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် စာကြည့်တိုက်များသည် လူမှုအသိုက်အဝန်း၏ လိုအပ်ချက်များနှင့် ကိုက်ညီသော ဝန်ဆောင်မှုများပေးရန်၊ ပြည်သူများလွတ်လပ်လွယ်ကူစွာ လေ့လာဖတ်ရှုနိုင်ရန်နှင့် အသိပညာ ဗဟုသုတများ တိုးပွားစေရန်၊ စာကြည့်တိုက်များကို ပြည်သူလူထုလက်လှမ်းမီစွာ အသုံးချနိုင်ရန်နှင့် တန်ဖိုးထား ချစ်မြတ်နိုးတတ်စေရန်၊ တိုင်းဒေသကြီးစာကြည့်တိုက်များ၊ မြို့နယ်စာကြည့်တိုက်များ၊ ရပ်ကွက်ကျေးရွာ စာကြည့်တိုက်များ၊ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ပေါ်ပေါက်လာစေရန်နှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုစေရန်၊ စာကြည့်တိုက်များမှ လူထုအခြေပြုဗဟိုဌာနများအဖြစ် ပြောင်းလဲဆောင်ရွက်လာစေရန်တို့ကို ပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဆန်းဝင်းက ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်အရေအတွက်၊ ရှင်သန်စာကြည့်တိုက်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ စာကြည့်တိုက်မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ကော်မတီဝင်များ တာဝန်ခွဲဝေခြင်းနှင့် စပ်လျဉ်၍လည်းကောင်း ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ရေးကော်မတီမှ အဖွဲ့ဝင်များက စာကြည့်တိုက်ဥပဒေ၊ နည်းဥပဒေများအကြောင်းနှင့် စပ်လျဉ်း၍ ပြောကြားပြီး အခမ်းအနားတက်ရောက် လာကြသူများက ကဏ္ဍအလိုက်ဆွေးတင်ပြကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်မှ ဆွေနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)