အိုလက်စခိုးလ်ကို ဂျာမနီဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်တင်မြှောက်

ဘာလင် ဒီဇင်ဘာ ၉

 

အိုလက်စခိုးလ်ကို ဂျာမနီဝန်ကြီး ချုပ်သစ်အဖြစ် ဒီဇင်ဘာ ၈ ရက်က ရွေးချယ်ခဲ့ပြီးနောက် ၎င်းသည် ဆိုရှယ်ဒီမိုကရက်တစ်ပါတီမှ လေးဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

 

ဂျာမန်အောက်လွှတ်တော် ဥပဒေပြု အမတ်များသည် ကြားနေမဲ ခြောက်မဲအပါအဝင် ၃၉၅-၃၀၃ မဲဖြင့် စခိုးလ်ကို ဝန်ကြီး ချုပ်သစ်အဖြစ် ရွေးချယ်ခဲ့သည်။

 

ကျန်ရှိနေသော ဥပဒေပြု အမတ်များသည် မဲမပေးခြင်း သို့မဟုတ် ခိုင်လုံမဲမဟုတ်သော မဲများပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း လွှတ်တော်က ဆက်လက်ဖော်ပြထားသည်။

 

အိုလက်စခိုးလ်သည် ဘာလင် ရှိ Reichstag အဆောက်အအုံတွင် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ ။

 

ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ခံရပြီးနောက် အိုလက်စခိုးလ်အား အသိုင်းအဝိုင်းတူ ပုဂ္ဂိုလ်များ၏ ချီးကျူးဂုဏ်ပြုခြင်းကို ခံယူခဲ့သည်။

 

ဆင်ဟွာ