စလင်း ဒီဇင်ဘာ ၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စလင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေးပေးလျက်ရှိသည်။
စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၆ လဘတ်ဂျက်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်သည့် ကူတိုမြောက်ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၆၆ ဦး၊ ငွေကျပ် ၁၇ ဒသမ ၆ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၆၆ ဦး၊ ငွေကျပ် ၁၀ ဒသမ ၇၅ သန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၈ ဦး၊ ငွေကျပ် ၁ ဒသမ ၆၅ သန်း၊ စုစုပေါင်းငွေကျပ် ၃၀ သန်းအား မြို့နယ်ဦးစီးမှူး ဦးစိုးခိုင်နှင့် တာဝန်ခံဝန်ထမ်းများက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဒီဇင်ဘာ ၆ ရက်က စနစ်တကျ ကွင်းဆင်းထုတ်ချေးပေးခဲ့သည်။
အဆိုပါစီမံကိန်းအား ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျှော့ချနိုင်ရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ နိုင်ငံတော်ထောက်ပံ့ငွေမှ ကျပ်သိန်း ၃၀၀ မတည်ပေးခြင်းဖြစ်ကြောင်း အဆိုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးခိုင်ထံမှ သိရသည်။
အထွေး(ကျေးလက်)


