ရမည်းသင်း ဒီဇင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ သဲချောင်းကျေးရွာတွင် နံနံပင်ကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်၌ စိုက်ပျိုးတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
နံနံပင်စိုက်ပျိုးရာတွင် တစ်ဧကခွဲကို မျိုးစေ့ထုပ် ၆၀ စိုက်ပျိုးထားပြီး စိုက်ပျိုးချိန်မှ ရောင်းရအချိန်အထိ ၄၅ ရက်ခန့်ကြာကာ မျိုးဖိုး၊ ရေပိုက်သွယ်တန်းခ၊ ဓာတ်မြေသြဇာဖိုး၊ ပိုးသတ်ဆေးဖိုး၊ အလုပ်သမားခ စုစုပေါင်း သိန်း ၃၀ ခန့်ကုန်ကျကြောင်း၊ မျိုးစေ့တစ်ထုပ်စိုက်ပါက နံနံကောင်းရင် ပိဿာချိန် ၄၀ လောက်ထွက်ပြီး မကောင်းရင် ၃၅ လောက်ထွက်ရှိကြောင်း၊ နံနံလှရင်လှသလို စျေးရကာ နံနံတစ်ပိဿာကို ၅၀၀ ကျပ်ဖြင့် အခင်းပြတ် ပွဲစားကို ရောင်းချရသည့်အတွက် သိန်း ၄၀၊ ၅၀ လောက် ပြန်ရကြောင်း နံနံစိုက်ပျိုးသူ ဒေါ်ဇင်မာထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)