ကျောက်ဆည် နိုဝင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ မြစ်သားမြို့နယ် ဝက်ထိန်းကျေးရွာအုပ်စု၊ တဲကြီးကျေးရွာတွင် ၂၀၂၁-၂၀၂၂ မိုးရာသီမိုးစပါးမျိုးစေ့ထုတ်စိုက်ဧကများ မျိုးကွဲနုတ်ပယ်ခြင်းနှင့် သရုပ်ပြသ ပညာပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက တောင်သူ ဦးစိုးဝင်း ကွင်းအမှတ်(၄၁၄)၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးစပါးမျိုးစေ့ထုတ်စိုက်ဧကများ မျိုးကွင်းနုတ်ပယ်ခြင်းနှင့် သရုပ်ပြသပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက် ရာတွင် မန္တလးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးစိုင်းသန်းအောင်၊ တိုင်းဒေသကြီးမျိုးစေ့တာဝန်ခံ ဦးစီးအရာရှိ ဒေါ်နှင်းဖြူအေး၊ အထက်မြန်မာပြည် မျိုးစေ့ဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်မိုးသန့်သန့်၊ ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများမှ မိုးရာသီမိုးစပါး မျိုးစေ့ထုတ်စိုက်ဧက ဧရိယာများအတွင်း မျိုးကွဲနုတ်ပယ်ခြင်း လုပ်ငန်းများကို စနစ်တကျလက်တွေ့ သရုပ်ပြသကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါမိုးရာသီမိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများကို ကျောက်ဆည်မြို့နယ်တွင် ၂၈၄ ဧက၊ စဉ့်ကိုင်မြို့နယ်တွင် ၄၇၂ ဧက၊ မြစ်သားမြို့နယ်တွင် ၈၈၇ ဒသမ ၅ ဧက၊ တံတားဦးမြို့နယ်တွင် ဧက ၂၅၀ စုစုပေါင်း ၁၈၉၃ ဒသမ ၅ ဧက စိုက်ပျိုးထားရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တင်တင်ထွေး


