သရက်ချောင်း နိုဝင်ဘာ ၁၆
တနသ်ာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များအား နိုဝင်ဘာ ၁၅ ရက်က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် ထုတ်ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက အမှာစကားပြောကြားပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သော အစိုးရဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေများပေးအပ်ရာ ပရဟိတအဖွဲ့ဝင်များကိုယ်စား ဦးစေလွင်က လက်ခံရယူပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား တနင်္သာရီတိုင်းဒေသကြီးအစိုးရဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေများ ချီးမြှင့်ပေးမှုအပေါ် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာဝင်းဇော်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
အေးနွယ်ဝင်း


