ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၆၈၉၂၃ ဦး ထိုးနှံပြီးဖြစ်

ညောင်ဦး  အောက်တိုဘာ   ၂၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် အောက်တိုဘာ ၂၃ ရက် နံနက် ၉ နာရီမှစတင်ပြီး တတိယအသုတ် ဒုတိယနေ့တွင် သတ်မှတ်စုရပ်အသီးသီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံမှ သိရသည်။ ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်လုံးထိုးနှံပြီးသူ ၆၇၈၉၂၃ ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။

ကိုထိန်(ကျောက်ပန်းတောင်း)