ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သော အောက်စီဂျင်ထုတ်စက်အသစ် စမ်းသပ်မောင်းနှင်

ကျောက်ကြီး၊ အောက်တိုဘာ ၁၈

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သော အောက်စီဂျင်ထုတ်စက်အသစ် အောက်တိုဘာ ၁၈ ရက် မွန်းတည့် ၁၂ နာရီတွင် သက်ဆိုင်ရာ ကုမ္ပဏီ အင်ဂျင်နီယာများက အောက်စီဂျင်ထုတ်စက်အသစ်အား စမ်းသပ် မောင်းနှင်ပြခဲ့‌ကြောင်း သိရသည်။

 

အဆိုပါ Oxygen Plant စက်အသစ်မှာ Jiangsu Minnuo Group ကုမ္ပဏီထုတ်လုပ်သည့် တရုတ်နိုင်ငံထုတ် Oxygen Generator Nm3 ဖြစ်ပြီး၊ တစ်ရက်လျှင် (၄၀)လီတာအိုး အလုံး(၁၅၀) ထွက်ရှိမည်ဖြစ်ကာ၊ ယနေ့၌ အောက်စီဂျင် (၄၀)လီတာအိုး (၈) လုံးအား တစ်နာရီကြာ လည်ပတ်ရာ အောက်စီဂျင်လေပေါင် (၁၅၀၀)နှုန်း၊ အောက်စီဂျင် (၉၅.၆)ရာခိုင်နှုန်း (၁၀)MPa ထွက်ရှိကြောင်း အောက်စီဂျင်စက် တတ်ဆင်မောင်းနှင်‌ပေးသည့် စက်ဆရာပြောကြားချက်အရ သိရသည်။

 

Oxygen Plant စက်အသစ်အား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် ကျောက်ကြီးမြို့နယ်အတွင်းရှိ မြို့နယ်ပြည်သူ့ဆေးရုံ၊ မုန်းဒေသ တိုက်နယ်ဆေးရုံ နှင့် နတ်သံကွင်းဒေသ တိုက်နယ်ဆေးရုံ တို့တွင် ဆေးကုသမှုခံယူလျက်ရှိသော အောက်စီဂျင်လိုအပ်နေသူများနှင့် မြို့နယ်အတွင်းရှိ အောက်စီဂျင်လိုအပ်နေသည့် ဒေသခံပြည်သူများ အသုံးပြုနိုင်ရန် လည်ပတ်ထုတ်လုပ်နိုင်​ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုသားကြီး( ကျောက်ကြီး)