ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အဆောက်အဦသစ်ဖွင့်

မိုင်းယန်း  အောက်တိုဘာ  ၁၈

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အဆောက်အဦသစ် ဆောက်လုပ်ပြီးစီးပြီဖြစ်သည့်အတွက် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၈ ရက် နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါရုံးသစ်သည် အလျားပေ ၃၆၊ အနံပေ ၃၂ ပေ၊ အမြင့် (၂၃)ပေရှိ အာရ်စီ(၂)ထပ် အဆောက်အဦဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေ ကျပ်(၇၇ ဒသမ ၅၃၇) သန်းဖြင့် Rocky Planet Group ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးသက်လင်းထွန်းထံမှ သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)