အေတီမက်အိမ်ကွင်းမှာ အနိုင်ရဖို့ မလွယ်တဲ့ လီဗာပူး

ချန်ပီယံလိဂ်အုပ်စု ပွဲစဉ် (၃)မှ အကောင်းဆုံး ပွဲစဉ်တစ်ပွဲဖြစ်သည့်အက်သလက်တီကို မက်ဒရစ်အသင်းနှင့် လီဗာပူးအသင်း တို့ပွဲစဉ်ကို အောက်တိုဘာ ၂၀ ရက် နံနက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

အေတီမက်နှင့် လီဗာပူးအသင်းတို့သည် အုပ်စု (B) ၌ ပေါ်တို၊ မီလန် အသင်းတို့နှင့် ကျရောက်နေပြီး ပွဲစဉ်(၂)  အပြီးတွင် လီဗာပူးက ခြောက်မှတ်ဖြင့် ဦးဆောင်ထားသည်။ အေတီမက်အသင်းသည် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့်

အေစီမီလန်နှင့် ဘာစီလိုနာအသင်းတို့နှင့်ပွဲစဉ်တွင် နှစ်ပွဲစလုံးအနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်သည်။ လီဗာပူးအသင်းကလည်း ခံစစ်ပိုင်းကျစ်လျစ်ကာ တိုက်စစ်ပိုင်းထက်မြက်နေပြီး နောက်ဆုံး ၁၀ တွင် ရှုံးပွဲကြုံတွေ့ထားခြင်းမရှိသည်အထိ ပုံစံကောင်းရရှိနေသည့်အသင်းဖြစ်သည်။

လီဗာပူးအသင်းအနေဖြင့် အုပ်စုကို ဆက်လက်ဦးဆောင်နိုင်ရေးအတွက် ယနေ့ပွဲစဉ်ကို အနိုင်ရရှိရန် ကြိုးစားလာမည်ဖြစ်သလို ပြိုင်ဘက် အေတီမက်အသင်းကလည်း ရမှတ်အပြည့်ရရှိရေးအတွက် အားစိုက်ကစားလာမည်ဖြစ်သည့်အတွက် ပရိသတ်အကြိုက်ပွဲကောင်းတစ်ပွဲဖြစ်လာမည် ဖြစ်သည်။

မိုးဇက်