ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများအား ပြည်ပမှလွယ်ကူလျင်မြန်စွာ တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် စက်တင်ဘာ ၂၁

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေ ချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်ဆိပ်ကမ်းများနှင့် မူဆယ်၊ မြဝတီနှင့် ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်း (၃) ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၈) ခုမှ ယာဉ်စီးရေ(၁၁)စီးဖြင့် အောက်ဆီဂျင် (အိုးခွံ) (၃၃၉၀) ၊ Oxygen Plant (၂၁)ခု၊ အိမ်သုံး Oxygen Concentrator (၄၄၁) ခု၊ လက်အိတ် (၂၆) တန်နှင့် နှာခေါင်းစည်း (Mask) တန် (၄၀) တင်သွင်းခဲ့သည်။ Oxygen Plant (၂၁) ခုမှာ ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ (၁၉)ခုနှင့် မူဆယ်မှ မန္တလေးမြို့သို့(၁)ခု၊ ချင်းရွှေဟော်မှ ပုသိမ်ကြီးမြို့သို့ (၁) ခုဖြစ်ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို ပြည်ပမှတင်သွင်းရာတွင် နှောင့်နှေး ကြန့်ကြာမှုမရှိစေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြု ပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်သက်ဆိုင်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူ သိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ် ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။

(သတင်းစဉ်)