အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၆၁၁၅ ဦး ထပ်မံတွေ့ရှိ

စက်တင်ဘာ ၂၁

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၆၁၁၅ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် ရောဂါကူးစက်ခံရသူပေါင်း ၃၃၅၀၄၅၃၄ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ၂၅၂ ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၄၄၅၁၃၃ ဦး ရှိလာသည်။

ရောဂါကူးစက်ခံရမှုနှင့် သေဆုံးမှုအများစုသည် တောင်ပိုင်းကီရာလာပြည်နယ်တွင် ဖြစ်ပွားခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားဆဲလူနာ ၃၀၉၅၇၅ ဦး ရှိပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူပေါင်း ၃၂၇၄၉၅၇၄ ဦးရှိလာသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို