အထက်မင်းလှ      စက်တင်ဘာ ၇

        

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို သြဂုတ်လ ၂၉ ရက်နေ့မှ စတင်ထိုးနှံ ပေးလျက်ရှိရာ စက်တင်ဘာလ ၆ ရက်နေ့အထိ လူဦးရေ ၆၀၃၀ ထိုးနှံပေးပြီးဖြစ်သည်။

        

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မင်းလှမြို့နယ်အတွင်း၌ သတ်မှတ်နေရာ(၈)နေရာဖြစ်သည့် မင်းလှမြို့၊ ရုံးရပ်တောင်ရပ်ကွက်ရှိ ဦးကင်းဓမ္မာရုံတွင် (၁၁၈၈)ဦး၊ တောင်ဦးကျေးရွာ အ-ထ-က တွင်(၂၀၅)ဦး၊ ညောင်ဝိုင်းကျေးရွာ အ-ထ-က တွင်(၅၉၈)ဦး၊ လင်းကယ်ကျေးရွာ အ-ထ-က တွင်(၁၀၈၃)ဦး၊ ရေနံမကျေးရွာ အ-ထ-ကတွင်(၉၉၇)ဦး၊ ကန်တုတ်ကျေးရွာ အ-ထ-က တွင်(၆၇၁)ဦး၊ ရှမ်းတပ်ကျေးရွာ အ-ထ-က တွင်(၈၉၀)ဦး၊ လက်ပံတံခါးကျေးရွာ အ-ထ-က တွင်(၃၉၈)ဦး  စုစုပေါင်း လူဦးရေ(၆၀၃၀)အား ဒုတိယအကြိမ်ကာကွယ် ဆေးထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

       

မင်းလှမြို့နယ်အတွင်း၌ ကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား ကာကွယ်ဆေးရရှိမှုအပေါ် မူတည်၍ ကိုဗစ်-၁၉ကာကွယ် ဆေးဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ပြောကြားချက်အရ သိရသည်။

 

ဇာဇာ(အထက်မင်းလှ)