စစ်ကိုင်း စက်တင်ဘာ ၇

 

           

စစ်ကိုင်းမြို့တွင် အသက်(၆၅)နှစ်နှင့်အထက် သံဃာတော်/ သီလရှင်များနှင့် ရပ်ကွက်နေပြည်သူ များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို အုပ်စုသုံးနေရာခွဲ၍ ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုနှင့် အတူ စက်တင်ဘာ(၇)ရက်၊ နံနက်ပိုင်းက သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

           

"ကိုဗစ်- ၁၉ ရောဂါ တတိယလှိုင်းအတွင်း ဦးစားပေးအုပ်စုများဖြစ်သည့် ပထမအကြိမ်ကာကွယ် ဆေးထိုးနှံပြီးသူ သံဃာတော်/ သီလရှင်တွေနဲ့ လူပုဂ္ဂိုလ်များကို စုရပ်သုံးရပ်ဖြစ်တဲ့ မြို့တော်ခန်းမရယ် စည်းခုံကြီးဘုရားရှိ သာသနာ့ဗိမာန်တော်အတွင်းရယ်၊ သီတဂူအာယုဒါန ဆေးရုံတွေမှာ တစ်ပြိုင်တည်း ထိုးနှံပေးနေတာပါ ဩဂုတ်လဆန်းပိုင်းက ပထမထိုးနှံပြီးသူတွေကို အခုလ ၃၊ ၄၊ ၅၊ ၆၊ ၇ ရက်တွေမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် အပြီးထိုးနှံပေးသွားမှာပါ" ဟု ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

           

စစ်ကိုင်းမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စဉ်ဆက်မပြတ်ထိုးနှံပေးနေပြီး ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာများသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ တို့ကိုလည်း ကျန်းမာရေး စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။

 

 

စစ်ကိုင်းခရိုင်( ပြန်/ဆက်)