နေပြည်တော် ဩဂုတ် ၁၂
နယ်စပ်ရေးရာဝန်ကြီးဌာနသည် မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပွားလျက်ရှိသည့် ကိုဗစ် - ၁၉ ရောဂါ ခံစားနေရသည့် လူနာများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အဟာရအစားအစာနှင့် လိုအပ်ပစ္စည်းများကို ထောက်ပံ့ပေးလျက်ရှိသည်။
ထိုသို့ထောက်ပံ့ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်ရှိ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေး အစီအစဉ်အရ ဖွင့်လှစ်ထားရှိသည့် ကိုဗစ်စင်တာတွင် တက်ရောက်ကုသနေသောလူနာများနှင့် Volunteer များအတွက် PPE ဝတ်စုံ ၁၅ စုံ၊ လက်အိတ် ၁၀ ခုပါ အထုပ် ၄၀ ၊ Mask အခု ၅၀ ပါ အထုပ် ၅၀ ၊ Hand Spray ဘူး ၁၀၀ ၊ ကြက်ဥ ၁၂ လုံးပါ ၇၂ ကဒ်နှင့် သောက်ရေသန့် ၁၀ ကဒ်တို့ကို တာဝန်ရှိသူများထံသို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တမူးခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးနှင့် ရုံးဝန်ထမ်းများက သွားရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


