နာဂဒေသ ဆွမ္မရာမြို့၌ ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားရေး မြို့ဝင်/ထွက်ဂိတ်တွင် စောင့်ကြပ်စစ်ဆေးလျက်ရှိ

ဆွမ္မရာ  ဩဂုတ် ၄         

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ ဆွမ္မရာမြို့နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါမကူးစက်နိုင်ရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် ဆွမ္မရာ-အိန္ဒိယနယ်စပ်ဂိတ်၊ ဆွမ္မရာ- ဖွန်သရက်ကျေးရွာ၊ လေရှီးသွားလမ်းဂိတ်နှင့် ဆွမ္မရာ- ငကျန်ရွာ ဟုမ္မလင်းသွားလမ်း၊ လမ်းဆုံသုံးနေရာတို့တွင် ဂိတ်များဖွင့်လှစ်ပြီး ဇွန် ၁ ရက်မှစတင်၍ အထူးကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်စောင့်ကြပ်ရေးဂိတ်တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လူဝင်/ထွက်များအား ခရီးသွားရာဇဝင် မေးမြန်းကာ နေ့စဉ်စောင့်ကြပ်စစ်ဆေးလျက်ရှိပြီး ဆွမ္မရာမြို့ ဒေသခံလူငယ်အဖွဲ့များက ညအိပ်စောင့်ကာ အထူးကြပ်မတ် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

 

 

ဆွမ္မရာမြို့တွင် ယခုချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ တစ်ဦးမျှမရှိကြောင်း သိရသည်။ 

 

 

စနေမောင်မောင်(ပြန်/ဆက်)