ဇန်မြို့ သြဂုတ် ၃
တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားမှုကြောင့် ယမန်နေ့မွန်းလွဲပိုင်းအထိ သေဆုံးသူ ၃၀၂ ဦးရှိလာကြောင်း ပြည်နယ်အစိုးရ၏ ပြန်ကြားရေးရုံးက ယင်းနေ့မွန်းလွဲပိုင်းတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားသည်။
ထို့အပြင် ရေကြီးရေလျှံမှုများကြောင့် ဟီနန် ပြည်နယ်တွင် လူ ၅၀ ခန့် ပျောက်ဆုံးလျက်ရှိကြောင်း ပြန်ကြားရေးရုံးက ထပ်မံပြောကြားသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြည်နယ်၏ မြို့တော်ဇန်မြို့တွင် ၂၉၂ ဦး သေဆုံးပြီး ၄၇ ဦး ပျောက်ဆုံးကာ ဆင်ရုန်းမြို့တွင် ခုနစ်ဦးသေဆုံးပြီး သုံးဦးပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ပင်ဒင်းရှန်မြို့တွင် လူနှစ်ဦးနှင့် လွာဟဲမြို့တွင် လူတစ်ဦးစသည်ဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- ဂျေတီ