ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဟားခါးမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို သွားရောက်ကြည့်ရှုအားပေး

ဟားခါး ဩဂုတ် ၁

ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ စီစဉ်မှုဖြင့် ဟားခါးမြို့တွင် တာဝန်ထမ်းဆောင်သည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ဇူလိုင် ၂၉ ရက် နံနက် ၉ နာရီမှစ၍ ဟားခါးမြို့ မြို့တော်ခန်းမနှင့် ချင်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံးတို့တွင် ဆေးထိုးစုရပ် နှစ်နေရာခွဲ၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သွားရောက်ကြည့်ရှုအားပေး အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်နှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေး ကြသည်။

ဆက်လက်ထိုးနှံပေးသွားမည် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်အထူးကု ဆရာဝန်များ၊ ဆေးမှူးများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ဆေးထိုးရန်ကျန်ရှိသည့် အမျိုးသားဝန်ထမ်း ၂၇၀၊ အမျိုးသမီးဝန်ထမ်း၂၂၃ ဦး စုစုပေါင်း ၄၉၃ဦးကို ယနေ့မှစ၍ ဇူလိုင် ၃၀ ရက်အထိ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)