မိုင်းယောင်း ဇူလိုင် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီသို့ အလှူငွေများ လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦးက အလှူငွေကျပ် တစ်သိန်း၊ ရွှေပြည့်စုံကုန်စုံဆိုင်မှ ငွေကျပ် နှစ်သိန်း၊ မိုင်းယောင်းတောင်ပေါ်သားကုမ္ပဏီမှ ငွေကျပ် သုံးသိန်း၊ KSM ကုမ္ပဏီမှ ငွေကျပ် တစ်သိန်း၊ ဦးဇော်မင်းနှင့် ယစ်မျိုးလေလံအဖွဲ့မှ ငွေကျပ် တစ်သိန်း၊ အမှတ်(၁၀၀၈) နယ်ခြားစောင့်တပ်မှ တပ်ကြပ် ကြည်ခိုင်မှ ငွေကျပ် ငါးသောင်း၊ တောအုပ်ဦးဝင်းအောင်မှ ငွေကျပ် သုံးသောင်း၊ မိုင်းယုမြို့ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးမြတ်စောမင်းက ငွေကျပ် နှစ်သောင်းတို့ကို အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြသည်။
မိုင်းယောင်းတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ ရှိလာခြင်းကြောင့် ရောဂါထပ်မံဖြစ်ပွားမှုမရှိစေရန်နှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း


