စုကလိ ဇူလိုင် ၁၅

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် စားသောက်ကုန်ပစ္စည်းများ ရောင်းချလျက်ရှိသော ဆိုင်များအား စစ်ဆေးခြင်းကို မြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ ဦးစည်သူကျော် ဦးဆောင်၍ မြို့မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများက ဇူလိုင် ၁၄ ရက် နံနက် ၁၀ နာရီက ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် စုကလိမြို့ရှိ  စားသောက်ကုန်ပစ္စည်း ရောင်းချလျက်ရှိသော ဆိုင်များအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ရောဂါ ကာကွယ်ရန်အတွက် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် လက်လီဆိုင်များ ဖွင့်လှစ်ရာတွင် လိုက်နာရမည့်အချက်များ (Version-1.0) အတိုင်း ဆောင်ရွက်ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး လိုက်နာဆောင်ရွက်သင့်သည့် အချက်များကို အသိပညာပေး ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

ဇော်နိုင်လင်း