လားရှိုးမြို့ ရပ်ကွက်အတွင်းစောင့်ကြည့်ကန့်သတ်ထားသော လမ်းအချို့ပြန်လည်ဖွင့်လှစ်

လားရှိုး    ၁၃   ဇူလိုင်   

ကိုဗစ်-၁၉ ပိုးတွေ့လူနာများပြားခဲ့သော လားရှိုးမြို့ရပ်ကွက်များအတွင်းမှ လမ်းများအား ဇွန် ၂၀ ရက်မှ စတင်ကာ ဝင်ထွက်သွားလာမှုများကို ကန့်သတ်ခဲ့သည်။

အဆိုပါကန့်သတ်ခဲ့သော ရပ်ကွက်(၄)ရှိ နယ်မြေ(၉)၊ နယ်မြေ(၃)၊ နယ်မြေ (၁၀) မဂ္ဂင်လမ်းသွယ်အားလုံး၊ နယ်မြေ(၁၆) ရတနာပုံလမ်းတို့ကို ရပ်ကွက်(၄)အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် ဦးဆောင်၍ ပိုးသတ်ဆေးများ ပက်ဖျန်းပေးခဲ့ပြီး ဖြစ်သည်။

ဇူလိုင် ၁၂  ရက်မှစ၍ ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရပ်ကွက်(၄) နယ်မြေ(၉)၊ နယ်မြေ(၁၀)ရှိ ခိုင်ရွှေဝါလမ်းကိုလည်းကောင်း၊ နယ်မြေ(၁၂) (၁၄)ရှိ သဇင်လမ်း၊ ငုဝါလမ်းတို့တွင် ယာယီကန့်သတ်ထားသော လမ်းများကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ကိုဗစ်-၁၉ အတည်ပြု တွေ့ရှိခဲ့ပြီး သက်သာလာသော လူနာများအနေဖြင့်လည်း သတ်မှတ်ထားသော Home Quarantine (၇)ရက် ဆက်လက်နေထိုင်သွားကြရမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီမှ သိရသည်။

ခရိုင် ပြန်/ဆက်