ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်အတွင်း covid-19 အတည်ပြုလူနာ စုစုပေါင်း ၁၆၇၀ ရှိ

လောက်ကိုင်  ဇူလိုင် ၁၃

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်း ဇွန် ၁၆ ရက်မှ ဇူလှိုင် ၁၂ ရက်အထိ COVID – 19 Positive အတည်ပြုလူနာ ၁၆၀၀ ၊ ဇူလိုင် ၁၃ ရက်တွင် ၇၀ စုစုပေါင်း ၁၆၇၀ ရှိပြီဖြစ်ကြောင်း သိရသည်။

ဆေးရုံတက်ကုသကာရောဂါ ပျောက်ကင်း၍ဆေးရုံဆင်းသူ ၃၅၁ ဉီး၊ သေဆုံးသူ  ၄ ဉီး ရှိပြီး လက်ရှိ ဆေးကုသမှုခံယူနေသူ လူနာပေါင်း ၁၃၁၅ ဉီး၊ ထိတွေ့ဆက်စပ်သူ စုစုပေါင်း ၅၆ ဉီးရှိသည်။ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း ဖြစ်ပွားမှုနှုန်းကူးစက်မှုနှုန်းလွန်မြင့်မား၍ နေ့စဉ်မြင့်တက်လျက်ရှိသဖြင့် လောက်ကိုင်ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များ လိုက်နာကြရန် ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လောက်ကိုင်ဒေသ(ပြန်/ဆက်)