မော်လမြိုင်၊ ၂၂  ဇွန်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၂)၌ ၂၀၂၁ခုနှစ်၊ ဇွန်လအတွက် ပင်စင်လစာထုတ်ပေးခြင်းကို ဇွန်လ(၂၁)ရက်မှစတင်ခဲ့ပြီး ထုတ်ပေးရာတွင်လည်း ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်ခြင်းအနေဖြင့် လူစု၊ လူဝေးမဖြစ်ပေါ်စေရန် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်၇နာရီတွင်လည်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာ    ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ  ပင်စင်လစာများ ထုတ်ပေးခြင်းနှင့်ပတ်သက်၍ “နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်ကို ဇွန်(၂၁)ရက်နေ့မှ စတင်ထုတ်ပေးတာဖြစ်ပါတယ်  ပင်စင်လစာ  ထုတ်ပေးသည့်နေ့တွင် လူဦးရေ(၇၀၀)ကျော်ရှိပြီး ထုတ်ပေးသည့်ငွေ စုစုပေါင်းသိန်း(၈၀၀)ကျော်    ထုတ်ပေးပြီး ဖြစ်ပါတယ်။ နိုင်ငံဝန်ထမ်းအငြိမ်းစာများ၏ ပင်စင်လစာထုတ်ယူရာမှာလည်း ကိုဗစ်−၁၉ ကာလအတွင်း ဆောင်ရွက်ပေးရသဖြင့်  အငြိမ်းစားဝန်ထမ်းများ၏  ငွေထုတ်ယူမှု အဆင်ပြေစေရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှာကြားချက်များ၊ စည်ကမ်း သတ်မှတ်ချက်များ နှင့်အညီ” ဆောင်ရွက်ပေးထားသည်ကိုလည်း မြန်မာ့စီးပွားရေးဘဏ်ခွဲ(၂) မန်နေဂျာထံမှ သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)

mdn